26 C
Yangon

မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်တွင် မီးလောင်မှုနှင့်တိုက်ခိုက်ခံရမှုတို့ကြောင့် မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်အတွင်းရှိ ဂျော့ချ်တောင်း (George Town) နှင့် ဆင်ပန်းအမ်ပတ် (Simpang Ampat) တို့တွင် ဖြစ်ပွားခဲ့သည့် သီးခြားဖြစ်စဉ်နှစ်ခုအတွင်း မြန်မာဆောက်လုပ်ရေးလုပ်သား ၁ ဦး မီးခိုးမွှန်၍ သေဆုံးခဲ့ပြီး အခြားမြန်မာနိုင်ငံသား ၁ ဦးမှာလည်း ဓားဖြင့်တိုက်ခိုက်ခံရ၍ သေဆုံးကာ ၎င်း၏ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပထမဖြစ်စဉ်မှာ မေလ ၃၀ ရက်နေ့ ပီနန်ပြည်နယ်၊ ဂျော့ချ်တောင်းမြို့ ဂျာလန်ပီနန် (Jalan Penang) ရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၅၆ နှစ်အရွယ် မိုဟာမက် ဘိုရှီ ဆာဘီ အူလာ (Mohamad Boshi Sabi Ullah) အမည်ရှိ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးသွားခဲ့သည်။

မလေးရှားရဲ၏ ပြောကြားချက်အရ သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးရသည့်အကြောင်းရင်းမှာ မီးခိုးမွှန်ခြင်းကြောင့်ဖြစ်ပြီး ပြစ်မှုဆိုင်ရာပတ်သက်မှု မရှိကြောင်း အတည်ပြုထားသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို အဆောက်အအုံရှေ့ အောက်ထပ်မျက်နှာစာအနီးတွင် ပထမအဆင့် မီးလောင်ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မီးလောင်ရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် မီးသတ်စုံစမ်းစစ်ဆေးရေးဓာတ်ခွဲခန်းသို့ နမူနာများပေးပို့ စစ်ဆေးထားပြီး ၁၄ ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဖြစ်စဉ်မှာမူ ပီနန်ပြည်နယ်၊ ဆင်ပန်းအမ်ပတ် (Simpang Ampat) ရှိ တာမန်ဘီလီဘစ် (Taman Belibis) တွင် မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ဓားဖြင့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦး သေဆုံးခဲ့ကာ ၎င်း၏ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး၊ ၎င်း၏ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆီဘရန်းဂျာယားဆေးရုံ (Hospital Seberang Jaya) သို့ ပို့ဆောင်ကုသထားရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိရသည့် အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က တိုက်ခိုက်ရသည့် အကြောင်းရင်းကို ဆက်လက်ဖော်ထုတ်နေပြီး အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article