27.1 C
Yangon

လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဂဠုန်တပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုတံခွန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် ဆိုင်ကယ်ဖြင့် ကျေးရွာအတွင်း ပြန်လာစဥ် ဆိတ်တက်ရွာနှင့် သရက်ချောင်းရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် စစ်တပ်စစ်ကြောင်း ထိုးသည့် နေရာများတွင် ကိုယ်တိုင် ကိုယ်ကျ အတူ ပူးပေါင်းဆောင်ရွက်ပေးနေသူဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့ နေသူဖြစ်သည့်အတွက် ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့ ရွာကို တစ်ယောက်တည်း ပြန်လာတဲ့အချိန် ဆိတ်တက်ရွာ နဲ့ သရက်ချောင်းရွာကြားမှာ ပစ်ခတ်ခဲ့တာပါ။ အလောင်းကို စစ်ခွေးတွေ လာရောက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ဂဠုန်တပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုတံခွန်ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့ နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂၊တပ်ခွဲ (၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article