22 C
Yangon

ရခိုင်ပြည်နယ် တိုက်ပွဲကာလ ၁၀ ရက်တာအတွင်း AA က စစ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ စွန့်ခွာ ထွက်​ပြေးသွားသည့် စခန်းပေါင်း ၄၀ ကိုလည်း သိမ်းပိုက်ထား

Must read

ရခိုင်ပြည်နယ် တိုက်ပွဲကာလ ၁၀ ရက်တာအတွင်း AA က စစ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ စွန့်ခွာ ထွက်​ပြေးသွားသည့် စခန်းပေါင်း ၄၀ ကိုလည်း သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးကာလ ၁၀ ရက်တာ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများစွန့်ခွာ ထွက်ပြေးသွားသည့် စခန်းပေါင်း ၄၀ ကိုလည်း သိမ်းပိုက်ထားကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၃ ရက် စစ်ဆင်ရေး ပထမနေ့တွင် ရသေ့တောင်မြိုနယ်၊ ဒုံးပိုက်နယ်ခြားစောင့် တပ်စခန်း ကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် “ချိန်ခါလီ”နယ်ခြားစောင့် တပ် စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စ၍ ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင် ဗျူဟာ” နှင့် “နှုးဘူးဗျူဟာ” နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိပြီး ယင်းဗျူဟာနှစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၉ ရက် မြောက်နေ့သို ရောက်ရှိလာခဲ့ပြီဖြစ်ကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါဗျူဟာနှစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တဆင့် လက်နက်ခဲယမ်းများ ထောက်ပို့ပေးနေရပြီး ထို့သို့ လေကြောင်းမှ ချပေးနေသည့် ထောက်ပိုပစ္စည်းများထဲမှ အချို့ကို ရခိုင့် တပ်တော်မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ထိုးစစ်ဆင်ခဲ့သော မောင်တောအခြေစိုက် “ဒုံးညို” နယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ဘူးသီးတောင် အခြေစိုက် “ခထီးလှ” စစ်ကောင်စီတပ်စခန်း ကိုလည်း နိုဝင်ဘာလ ၁၈ ရက် နံနက် နံနက် ၈ နာရီ ၁၄ မိနစ်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဖြစ်ပြီး တိုက်ပွဲကာလ ၁၀ ရက်တာအတွင်း စစ်ကောင်စီ စခန်း ၄ ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထား နိုင်ခဲ့ကာ စစ်ကောင်စီ တပ်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

ပေါက်တောမြို့၌ စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားသော ရဟန်း သံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါ အဝင် မြို့သူမြို့သား ၁၀၀ နီးပါးကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူ မြိုသားများကို လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက် နံနက် ၇ နာရီ မိနစ်၂၀ ခန့်မှစတင်ကာ ပေါက်တောမြို့အတွင်း၌ ဓါးစာခံ ကယ်တင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ကလည်း ရေကြောင်း၊ လေကြောင်း လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိကြော်း၊ ဖမ်းဆီးခံထားရသော ဓားစာခံ ပြည် သူအချို့ကို ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာ နေ ရာ များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ Mi 35 ၊ ဂျက်တိုက်လေယာဉ် တို့ဖြင့် တစ်လှည့်စီ ၃ ကြိမ် ဗုံး ကျဲတိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၅ မိနစ်တွင်လည်း လောကထိပ်ပန် ဘုရားကုန်းကို ဂျက်ဖိုက်တာ တစ်စီးဖြင့် မိနစ် ၂၀ ခန့် လှည့်ပတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ၊ လမ်းသုံးခွဆုံအနီး၌ လည်း ထီးချိုင့်အခြေစိုက် ခမရ ၃၆၇ အကြမ်းဖက် စစ် ကောင်စီတပ်နှင့် ရခိုင့်တပ်တော် တို့ကြား တစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article