33 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှေ့တန်းမထွက်ခင် နတ်ကနားပေးပြီး ယတြာချေခဲ့တဲ့ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်က ပျူစောထီးခေါင်းဆောင် ဘိုဟိန်း အပါအဝင် အဖွဲ့ဝင် ၇ ဦးလုံး မတ္တရာတိုက်ပွဲမှာ သေသွားကြပြီလို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

– ပဲခူးတိုင်း ၊ ဖြူးမြို့နယ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးကို လာဖမ်းတဲ့ အကြမ်းဖက် ဒုရဲအုပ် နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ တိုက်ခိုက်ရှင်းလင်းရာမှာ ရဲ ၄ ဦးလုံး သေသွားတဲ့အပြင် ၊ လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်နဲ့ အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းထဲကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာပဲ အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲပြီး ကုန်တင်ကားတွေ မီးလောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article