29.5 C
Yangon

ပခုက္ကူမြို့အနီးရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး

Must read

ပခုက္ကူမြို့အနီးရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့အနီး၊ ပခုက္ကူ-ရေစကြို လမ်းပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်အောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးဖြင့် တပ်စွဲ ထားသော ပခုက္ကူမြို့နှင့် ၂ မိုင်ခန့်အကွာ ပခုက္ကူ – ရေစကြိုမြို့ ဆက်သွယ်ရေးလမ်းမပေါ်ရှိ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခွဲခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဘန်ကာ ၄ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချရန် ပြောဆိုခဲ့ပြီး လက်နက်ချလိုသော စစ်သားများမှ ထွက်လာသော်လည်း လက်နက်မချလို သော စစ်သားများက ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

“လက်နက်ချမယ်လို့ပြောတဲ့ ရဲဘော်တွေလည်း လှမ်းအော်တယ်၊ သုံးလေးယောက်လောက်ရှိတယ်၊ အသံကြားရတာတော့၊ ကျနော်တို့ထွက်လာနေပြီဆိုတော့ ကျနော်တို့က မပစ်ဘဲ စောင့်နေတာ၊ အဲဒီ အချိန်မှာ လက်နက်မချချင်တဲ့ စကစတပ်သားတွေကနေ ကျနော်တို့ဘက်ကို ပြန်ပစ်တာ၊ အဲဒီအချိန် မှာ ဘန်ကာထဲကနေ ခေါင်းပြူထွက်လာတဲ့သူတွေက ပြန်ဝင်သွားတာပေါ့” ဟု Southern YSO PDF တပ်ဖွဲ့က ပြောဆိုသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ခါနီး အလိုတွင် ပခုက္ကူမြို့ရှိ စက်မှုဇုန်ဂိတ်မှ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ခန့်သည် ပုံမှန်လမ်းမကြီးပေါ်အတိုင်းလာရောက်ခြင်းမရှိပဲ တော လမ်းအတိုင်း စစ်ကူတက်လာခဲ့ကာ မီတာ ၇၀၀‌ လောက်အထိနီးကပ်စွာ ဝိုင်းဝန်းခံရသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းစခန်းဂိတ်တိုက်ခိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား ၁၆ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကုသ ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်တော်) ၊ Southern YSO PDF နှင့် Yesagyo Revolution Group (YRG) ပခုက္ကူခရိုင် ရင်း ၂ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article