26 C
Yangon

စင်ကာပူတွင် လူသတ်ရန် ကြံစည်မှုဖြင့် ဖမ်း၀ရမ်း ထုတ်ခံထားရသူ ဝင်းကျော်ကျော်အောင် စစ်ကောင်စီ၏ ရုရှား စက်သုံးဆီ ဝယ်ယူရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လာ၊ မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်နိုင်လည်း ပြန်လည်ပါဝင်

Must read

စင်ကာပူတွင် လူသတ်ရန် ကြံစည်မှုဖြင့် ဖမ်း၀ရမ်း ထုတ်ခံထားရသူ ဝင်းကျော်ကျော်အောင် စစ်ကောင်စီ၏ ရုရှား စက်သုံးဆီ ဝယ်ယူရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လာ၊ မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်နိုင်လည်း ပြန်လည်ပါဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စင်ကာပူနိုင်ငံတွင် လူသတ်ရန်ကြံစည်မှုဖြင့် စင်ကာပူရဲတပ်ဖွဲ့က ဖမ်း၀ရမ်းထုတ်ထားသူ ဝင်းကျော်ကျော်အောင် သည် စစ်ကောင်စီ၏ ရရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူ သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် စင်ကာပူနိုင်ငံရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်း၀ရမ်းထုတ်ထားသူ ဝင်းကျော်ကျော်အောင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က အတွင်းရေးမှူး၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ထုတ်ကုန်များဈေးကွက်ရှာဖွေရေးနှင့် သုတေသနဌာနမှ ဦးမောင်မောင်ကျော်က တွဲဖက်အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့ ပါဝင်ကြကြောင်း သိရှိရသည်။

ပုဂ္ဂလိကဆီလုပ်ငန်းရှင် ၃ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ရာတွင် Star High Co., Ltd. မှ ထွန်းထွန်း၊ မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် Yetagon Energy Trading Co., Ltd. မှ မောင်မောင်နိုင်၊ SWAN Energy Co., Ltd. မှ ဝင်းကျော်ကျော်အောင်တို့ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝင်းကျော်ကျော်အောင် သည် ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာစီးပွားရေးသမားတစ်ဦးကို လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် စင်ကာပူရဲတပ်ဖွဲ့က ဖမ်း၀ရမ်းထုတ် အလိုရှိနေသော ရာဇဝတ်တရားခံတစ်ဦးဖြစ်ကြောင်း၊ ဝင်းကျော်ကျော်အောင်သည် Asia Sun Trading Company Limited ၏ ရှယ်ယာရှင်ဟောင်းနှင့်ဒါရိုက်တာဟောင်းဖြစ်ပြီး လက်ရှိတွင် SWAN Energy Co., Ltdကို ထူထောင်ထားကြောင်း၊ ၎င်းသည် စစ်တပ်အတွက် လေယာဉ်ဆီများ တင်သွင်းရာတွင် အဓိက ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article