26 C
Yangon

မဲဆောက်မြို့တွင် အဝေးရောက်ဧရာဝတီသားများတွေ့ဆုံပွဲပြုလုပ်

Must read

မဲဆောက်မြို့တွင် အဝေးရောက်ဧရာဝတီသားများတွေ့ဆုံပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးအရှိန်မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အဝေးရောက် ဧရာဝတီသားများတွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲကို ဆရာတော် အရှင်ထာဝရ(နော်ဝေ)မှ ဦး ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းမှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ၊ CDM များ၊ ဧည်သည့်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့တက်ရောက်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများမှာ ဦးဆောင်တိုက်ပွဲဝင်နေသည့် ဧရာဝတီသား တော်လှန်ရေးခေါင်းဆောင်အချို့လည်း တွေ့ဆုံပွဲကို အွန်လိုင်း(Zoom) မှ တစ်ဆင့်တက်ရောက်ခဲ့ကြောင်း သိရီရသည်။

“ဒီတွေ့ဆုံပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဧရာဝတီတိုင်းကို ပြန်ပြီးတော့မှ အခြေပြုပြီးတော့ တိုက်ပွဲတွေဖော်ဆောင်မယ့် PDF လူငယ်တွေအတွက်ကို စုစည်းတာပေါ့။ဒီတွေ့ဆုံပွဲကို အဝေးရောက်ဧရာဝတီသားတွေက ဦးဆောင်ပြီးလုပ်တာပါ။ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်ပြီးလုပ်တာမဟုတ်ပါဘူး”ဟု ဆရာတော် အရှင်ထာဝရက မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article