33.6 C
Yangon

လက်နက်ကိုင် ပုန်ကန်မှုကို ကျော် လွှားနိုင်ရေးအတွက် ဥပ္ပါတသန္တိ ပရိတ်တော်ကို မာရဝိဇယဘုရားတွင် ဌာနဆိုင်ရာရုံးများ သွားရောက် ရွတ်ဖတ်ကြရန် မင်းအောင်လှိုင် ညွှန်ကြား

Must read

လက်နက်ကိုင် ပုန်ကန်မှုကို ကျော် လွှားနိုင်ရေးအတွက် ဥပ္ပါတသန္တိ ပရိတ်တော်ကို မာရဝိဇယဘုရားတွင် ဌာနဆိုင်ရာရုံးများ သွားရောက် ရွတ်ဖတ်ကြရန် မင်းအောင်လှိုင် ညွှန်ကြား

■ စာဖြင့် ညွှန်ကြားချက် ထုတ်လျှင် ပေါက်ကြားမည်စိုးရိမ်၍ နှုတ်မိန့်ဖြင့် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံတွင် ကြုံနေရသည့် လက်နက်ကိုင် ပုန်ကန်မှုကို ကျော်လွှားနိုင်ရေး အတွက် ဥပ္ပါတသန္တိ ပရိတ်တော်ကို မာရဝိဇယဘုရားတွင် ဌာနဆိုင်ရာရုံးများက အလှည့်ကျ သွားရောက် ရွတ်ဖတ်ကြရန် မင်းအောင် လှိုင်က ညွှန်ကြားလိုက်ကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဝန်ကြီးဌာနများရှိ ဦးစီးဌာနများအနေဖြင့် ဌာနတစ်ခုလျှင် တစ်ရက် အလှည့်ကျ မာရဝိဇယဘုရားတွင် သွားရောက်၍ ဥပ္ပါတသန္တိ ပရိတ်တော်ကို ရွတ်ဖတ်ခိုင်းကြောင်း၊ ထိုသို့ ညွှန်ကြားရာတွင် စာဖြင့် ညွှန်ကြားချက်ပေးပါက ကျောက်ကျော၊ ဘရာကျော်၊ မုန့်လုံးရေပေါ် ဖြင့် ယတြာချေခိုင်းစဉ်က ကဲ့သို့ ခေတ်သစ်သတင်းဌာနထံသို့ ပေါက်ကြားမည်စိုးရိမ်၍ နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးကြောင်း သိရှိရသည်။

“ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေကို တစ်ရုံးတစ်ဖွဲ့ မာရဝိဇယဘုရားမှာ ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ခိုင်းတယ်။ လက်နက်ရန်ကင်းအောင်။ မနက်အစောကြီး သွားရွတ်ရတယ်” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဥပ္ပါတသန္တိ ပရိတ်တော်သည် ကပ်ကြီး ၃ ပါး ကျော်လွှားရန် အဓိက ရွတ်ဖတ်ပူဇော်ရသည့် ပရိတ်တရားတော်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ယင်းကဲ့သို့ ဥပ္ပါတသန္တိ ပရိတ်တော်ကို ဘုရားစေတီများတွင် ဝန်ကြီးဌာန ဆိုင်ရာရုံးများကို သွားရောက် ရွတ်ဖတ်ခိုင်းခဲ့ဖူးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article