Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က တရုတ်နိုင်ငံသားအားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ ရန်ကုန်တရုတ်သံရုံးကနေ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
– ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA အကြားတိုက်ပွဲဖြစ်ပွားရာမှာ စစ်တပ်ဘက်က ၁၀ ဦးသေထားပြီးဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။
– အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခွန်မဆောင်တဲ့သူတွေ များပြားနေတဲ့ အတွက် ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတိုင်း အခွန်ကောက်ခံပေးကြဖို့ လျွှို့ဝှက်ညွန် ကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
