ကနီမြို့နယ်၊ တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၀ ခန့် ထိခိုက်သေဆုံးနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်း သိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် ထိခိုက်သေဆုံးနိုင်ကြောင်း ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်း တာဝါတိုင်ကုန်း စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်တပ်စခန်းကုန်း၏ ဘန်ခါဖြိုချရခါနီးအချိန်၌ တံတားဦးလေတပ်မှ ဂျက်ဖိုက် တာဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်သဖြင့် ခေတ္တပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရတာ၊ ရဲဘော်တွေကတော့ ၄ ရက် ၃ ညအိပ်ခရီးတော့ ခြေလျင်လမ်း လျှောက်ပြီးတော့ အဲဒီတာဝါတိုင်ကုန်းစခန်းအထိ ကပ်ခဲ့ရတယ်၊ အဲဒီစခန်းမှာ တပ်စွဲထားတာက ၃၅ ၊ ၄၀ ပတ်ဝန်းကျင်လောက်တော့ရှိမယ်ဗျ၊ ခွေးသေတာ မျက်မြင်တော့ တစ်လောင်းတွေ့ခဲ့တယ်၊ ထိခိုက် ဒဏ်ရာရ သေဆုံး ပေါင်းခြုံရင်တော့ ၂၀ လောက်ရှိနိုင်တယ်၊ ကျန်တဲ့သူတွေကတော့ စခန်းစွန့် ထွက် ပြေးတာ၊ ဖမ်းမိတာမရှိဘူး၊ အဲဒီစခန်းကို ပြန်လာတာမျိုးမရှိသေးဘူး၊ ကျနော်တို့ သိမ်းထားတုန်းပဲ” ဟု ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဒုတိယအကြိမ် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာထွက်ပြေးသွားကာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ၂၀ အထက်ရှိနိုင်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MA 4 သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ ဗုံးသီး ၁၀၇ လုံး၊ Equipment ၁ ခု ၊ ကျည်ဘောက် ၂ ခု ၊ မိုင်း ၁၆ လုံး အီနာဂါ ၄ လုံးနှင့် အခြားစစ်သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသိမ်းပိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး မဟာမိတ်တပ် ပေါင်းစု နှင့် အတူ အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၂ ၊ ကနီမြို့နယ် ပကဖနှင့် ဒေသမဟာမိတ်တပ်ဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး တိုင်းပြည်အတွက် အ သက် ပေးလှူခဲ့ရကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

