29 C
Yangon

မင်းကင်းမြို့နယ်ရှိ Non CDM များ ဒီဇင်ဘာ ၃၁ ရက် နေ့ နောက်ဆုံးထား အလင်းဝင်ရန် မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ အသိပေး ထုတ်ပြန်

Must read

မင်းကင်းမြို့နယ်ရှိ Non CDM များ ဒီဇင်ဘာ ၃၁ ရက် နေ့ နောက်ဆုံးထား အလင်းဝင်ရန် မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ အသိပေး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၃၁ ရက်နေ့နောက်ဆုံးထား၍ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်၍ အလင်းဝင်ရန်နှင့် အလင်းဝင်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဟု မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

Non CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရာတွင် ဌာနဆိုင်ရာ စာရွက်စာတန်းများ၊ ပြည်သူပိုင်ပစ္စည်းများ၊ အစိုးရဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့ ပိုင်ဆိုင်သည့် ၊ လွှဲအပ်ထားသည့် ၊ အသုံးပြုရန်ရည်ရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာများနှင့် အခြားပစ္စည်းများကိုပါ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သို့ စနစ်တကျအပ်နှံရန် ကြိုတင်ပြင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Non CDM ဝန်ထမ်းများထဲမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ညွှန်ကြားချက်များနှင့် အညီ CDM ဝန်ထမ်းများကို ထိထိရောက်ရောက်ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက်ပါဝင်ကူညီခြင်းပြုလုပ်ခဲ့သည်ဟု အထောက်အထားခိုင်လုံသူများကို စိစစ်ချိန်ဆ၍ အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ကြားကာလအတွင်း သတ်မှတ်ထားသည့် ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ အပြစ်ပေးမည်ဖြစ်၍ ပြည်သူဘက်မှ ရပ်တည်၍ အလင်းဝင်ရန် ပြင်းထန်စွာ သတိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article