32 C
Yangon

ဖလမ်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၀၅ နှစ်အရွယ် အဖွားRam Tlung သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ

Must read

ဖလမ်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၀၅ နှစ်အရွယ် အဖွားRam Tlung သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀၅ နှစ်အရွယ် အဖွားRam Tlung သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ ရှိကြောင်း CNO ပြန်ကြား‌ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၂ နာရီခန့်အချိန် ဖလမ်းမြို့ အခြေစိုက် ခလရ ၂၆၈ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးသည် စီဇာမွာလ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀၅ နှစ် ရှိ အဖွား Ram Tlung သေဆုံးပြီး ၎င်း၏ သမီး အသက် ၆၅ နှစ်အရွယ် ဒေါ် ဇိုထွေး(Pi Zo Htwe ) လည်း စိုးရိမ်ရဒဏ်ရာ ရရှိကြောင်း သိရသည်။

“ဒီမနက် ၁ နာရီကျော်လောက်က တပ်ကုန်းကနေပစ်တဲ့ လက်နက်ကြီးက ကျနော်တို့ ရွာမှာ ကျတယ်၊ ခုသေဆုံးတဲ့ အဖွားအိမ်ပေါ်ကိုကျတာ၊ အဖွားကတော့ သူ့ခြေထောက်တွေပြတ်တောက်ပြီး နေရာမှာ ပဲသေ တယ်၊ သူ့သမီးကလည်း သူပေါင်တစ်ဝိုက်နဲ့ ဗိုက်တွေမှာ ဒဏ်ရာ အကြီးကြီးရထား တယ်၊ သူ့ကို တော့ ဖလမ်းဆေးရုံးမှာပို့လိုက်ပြီ ၊ဆုတောင်းခြင်းနဲ့ ကူညီပေးဖို့လည်းပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း စီဇာမွာလ်ကျေးရွာနားတွင် စစ်ကောင်စီ ထောင်ထားသော မြေမြုပ် မိုင်းနင်းမိကာ စီဇာမွာလ် ကျေးရွာသား အသက် ၆၀ အရွယ် ဦးတီလ်ကျဲအို သေဆုံးခဲ့ကြောင်း၊ စီဇာမွာလ် ကျေးရွာသည် ဖလမ်း-ကလေးလမ်းမပေါ်မှာ တည်ရှိပြီး ဖလမ်းမြို့ မှ ၂ မိုင်ခန့်သာ ဝေး ကွာသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article