35 C
Yangon

နောင်ချို၊ ကျောက်မဲ ၊ မတ္တရာ၊ မိုးကုတ်တို့တွင် တောင်သမန် စစ်ဆင်ရေးအဖြစ် တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၉၅ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁၁ ဦးဖမ်းမိ

Must read

နောင်ချို၊ ကျောက်မဲ ၊ မတ္တရာ၊ မိုးကုတ်တို့တွင် တောင်သမန် စစ်ဆင်ရေးအဖြစ် တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၉၅ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁၁ ဦးဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်၊ မန္တလေး တိုင်း၊ မတ္တရာမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တောင်သမန်စစ်ဆင်ရေးအဖြစ် တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၉၅ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရရှိကြောင်း မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မတ္တရာမြို့နယ်နှင့် မိုးကုတ်မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်တော်(မန္တလေး) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်တပ်နှင့် ၁ လအတွင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ၉၅ ဦးအထိ သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း၊ သေဆုံးမှုများကို မျက်မြင် အတည်ပြုနိုင်ခဲ့ကြောင်း MPDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို တောင်သမန် စစ်ဆင်ရေးအဖြစ် ညီနောင် မဟာ မိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် ပူးပေါင်းချိတ်ဆက်၍ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စတင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက် ၁၂၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များအပါအဝင် သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၃၂ ကြိမ်ထက် မနည်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်က သုံ့ပန်းများကို ထိန်းသိမ်းထားသည့် ဒိုးပင်ရဲစခန်းကို လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသား စစ်သုံ့ပန်း ၄ ဦး သေဆုံးခဲ့ကြောင်း၊ MPDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်နှင့် တိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။

တောင်သမန် စစ်ဆင်ရေး သည် မတ္တရာ၊ နောင်ချို၊ ကျောက်မဲ မြို့များတွင် စစ်ဆင်ရေးများ ဖော်ဆေင်နေခြင်းဖြစ်ပြီး ၁ လအတွင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် ၂၈ ကြိမ်၊ မတ္တရာမြို့နယ်တွင် ၈ ကြိမ်နှင့် မိုးကုတ်မြို့နယ် ၁ ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အများအပြား သေဆုံးသည့်အပြင် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း မန္တလေးPDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article