ရေဦးမြို့နယ်ရှိ ပိုးထိလူနာအတွက် မြွေဆိပ်ဖြေဆေးနှင့် ဝက်လက်မြို့နယ်အတွက် မြွေဆိပ်ဖြေဆေးများလှူဒါန်း
ရန်ကုန်၊ နိုဝင်ဘာ ၂၇
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ရေဦးမြို့နယ်ရှိ ၁၅ ဦးမြောက် ပိုးထိလူနာကို အချိန်မီ မြွေဆိပ်ဖြေဆေးများ အမြန်ပို့ဆောင်ကုသပေးနိုင်ခဲ့သောကြောင့် လူနာအခြေအနေမှာ သက်သာပျောက်ကင်း၍ အသက်အန္တရာယ်ဘေးမှကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဝက်လက်မြို့နယ်အတွက် မြွေဆိပ်ဖြေဆေးအလုံး ၅၀ ကိုလည်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရှိသည်။


