33.6 C
Yangon

နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA တပ်က ဝင် ဖမ်းဆီးပြီး တရုတ်နိုင်ငံသား များကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်

Must read

နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA တပ်က ဝင် ဖမ်းဆီးပြီး တရုတ်နိုင်ငံသား များကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA တပ်က ဖမ်းဆီးပြီး ဖမ်းမိသူ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အစိုးရထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း SSPP/SSA တပ်ဖွဲ့က တရားဝင်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက် နေ့ ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ်နယ်မြေတွင် အဆောက်အဦးတစ်ခုအတွင်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့် ဂိုဏ်း တစ်ခုကို ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA မှ ဝင် ရောက်ဖမ်းဆီးခဲ့ခဲ့ရာ တရုတ်နိုင်ငံသား ၈၈ ဦး နှင့် မြန်မာနိုင်ငံသား ၂၈ ဦး၊ စုစုပေါင်းတရားခံ ၁၁၆ ဦး နှင့် အတူ ဆက်စပ်ပစ္စည်းများဖြစ်သည့် ( Destop Computer ) ၁၄၅ လုံး ၊ ဖုန်း ၂၀၄လုံး၊ တရုတ်ငွေ ၁၉,၁၅၀ ယွမ် ၊ မီးခံသေတ္တာ ၁ လုံး ၊ (Land Cruiser)တစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသည့် တရုတ်နိုင်ငံသား ၈၈ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တရုတ်အစိုးရထံ လွှဲအပ်ပေး လိုက်ကြောင်း၊ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံသား တရားခံ ၂၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA က အမှုစစ်ဆေးကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း အသိပေးထးသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ယခင်က မကြာခဏဆိုသလို တရုတ်-မြန်မာ ပူးပေါင်းဖမ်းစီးခဲ့သော်လည်း ၎င်းလုပ်ငန်းများသည် လျော့ကျလာခြင်းမရှိပဲ ငွေကြေးလိမ်လည် သည့် နေရာ၌ တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မူများ ကျုး လွန် သည့် အဖွဲ့ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ယူဆကာ ကျားဖြန့်ခေါင်းဆောင်ပိုင်း တစ်ချို့ကို နိုဝင်ဘာလအတွင်း၌ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှလည်း မိမိအုပ်ချုပ်ရေးနယ်မြေ အတွင်း တရားမဝင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးအတွက် အားလုံးတားဆီးနှိမ်နင်းသွား ရန် အမိန့်ထုတ်ထားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article