30 C
Yangon

မုံရွာမြို့နယ်၊ တောပုရွာအနီးရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး အလင်းဝင်ရန် စာကျဲချ

Must read

မုံရွာမြို့နယ်၊ တောပုရွာအနီးရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး အလင်းဝင်ရန် စာကျဲချ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီးတွင်း ကင်းပုန်းဝပ်ကာ သောက်စားမူးရူးနေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71 Monywa PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ တောပု(ပျူ)ရွာစခန်းမှ ကင်း ပုန်းထွက်ကာ ရွာနံဘေး၌ သောက်စားမူးရူးနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လက် လုပ် ၆၀ မမ ရှော့တိုက်ရှေ့ထွက် တာဝေးပစ် များနှင့် ၆၀ မမ အဖူး ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့သို့ ပစ်ခတ်ချိန်အတွင်း စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သား များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71 PDF Monywa ၏အမျိုးသမီး ရဲဘော်များ၊ Youth Vigor Revlution Force ၊ မုံရွာ ခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ Royal Alliance (RA) ၊ ANYAR DEFENSE FORCE (ADF) ၊ YOTH REVOLUTION DEFENCE FORCE ညီနောင်အဖွဲအစည်းများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး အလင်းဝင်ရန် စာကျဲချခဲ့ကြောင်း MSPDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်မှ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်ထိ မြောင်မြို့ရဲစခန်းကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့် ညီနောင် မဟာမိတ်တပ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် လက်ကမ်းစာဆောင်များ ကျဲချခဲ့ကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာ အလွန် ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ကြောင်းသိရသည်။

“ဒဏ်ရာရတဲ့ စစ်ခွေး ၂ ကောင်က ဒဏ်ရာတော်တော်ပြင်းတယ်လို့ သူတို့အတွင်းထဲကနေ သတင်းတိတိ ကျကျပေးလာတာပါ၊ သေ မသေတော့ မကြားရသေးဘူး၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ(၁)-မြေလတ်PDF ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း – NRDF ၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း ၊ ချောက် PDF ၊ CDSOM 007 နှင့် မြောင်မြိုနယ် ပြည်သူ့ရင်ခွင်တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article