25 C
Yangon

ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ ပြာကျ

Must read

ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ ပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပြာကျခဲ့ကြောင်း Tigyaing Revolution TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က စတင်ကာ ထီးချိုင့်မြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နှင့် စံပြရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နေအိမ် ဘယ်လောက် ပျက်စီးသွားလဲ ဆိုတာတော့ မသိရသေးဘူး။ နိုဝင်ဘာလ ၁၄ ရက်နေ့ လောက်တည်းက စရှို့နေတာ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက် နဲ့ အမှတ် ၂ ရပ်ကွက်ကော စစ်ခွေးတွေက ရှို့သွားတာ” ဟု Tigyaing Revolution TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article