Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် MNDAA ကနေ သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က ပန်ဆိုင်းမြို့မှာ အုပ်ချုပ်ရေးတွေ ပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို့ MNDAA က တရားဝင် ကြေညာလိုက်ပါတယ်။
– ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိထားတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ CDF-Zotung က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
– ရန်ကုန်တိုင်း၊ ခရမ်း နဲ့ သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းဂိတ် နဲ့ ရေကျော် ကျောင်းတို့ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ကနေ ဒီကနေ့မှာပဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
