ရန်ကုန်၊ မတ် ၂၉
ယမန်နေ့ NTDF သံတောင်မြောက်ပိုင်းအထူးဒေသ ဦးကိုကြီး တပ်ဖွဲ့နှင့် ဆွာမြို့အခြေစိုက် ခမရ ၁၉ မှ စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး ကြောင်း NTDF က သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ NTDF (သံတောင်မြောက်ပိုင်းအထူးဒေသ ဦးကိုကြီးတပ်ဖွဲ့) နှင့် ဆွာမြို အမှတ် ၁၉ ခြေမြန်တပ်ရင်းတို့ ဗျူဟာလမ်းဘေး ဂွေးသဲရွာနှင့် လယ်သာ ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊မြောင်မြို့နှင့် မရိုးကုန်းရွာခြားသင်္ချိုင်းကုန်းတွင် ကင်းပုန်းလာဝပ်သော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်သား ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကို T. G. R ပြည်သူ့ကာကွယ်ရေးတပ်
နှင့်အတူ 11 Brothers Revolution Forces (Myaung) ၊ ZAMANI REVOLYTION Force Myaung (MMU)၊ စစ်ကိုင်းတိုင်းခရိုင်တပ်ရင်း(၁) ၊ BURMES Guerilla Force(B. G. F) ၊ ဗိုလ်နေတိုးအထူးပျောက်ကြားအဖွဲ့(B. N. T)တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်ပြည်နယ်တွင် မိုင်းမိထားသည့် အကြမ်းဖက် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်)