30 C
Yangon

၁၀၂၇ စစ်ဆင်ရေးကြောင့် နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး နှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်းအဖြစ် ၁၁ ဦး အဖမ်းခံရ

Must read

၁၀၂၇ စစ်ဆင်ရေးကြောင့် နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး နှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်းအဖြစ် ၁၁ ဦး အဖမ်းခံရ

■ ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာလ ၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံတစ်ဝန်း နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူး ကြီး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်း အဖြစ် ၁၁ ဦး အဖမ်းခံရကာ ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦး ဖမ်းမိကြောင်း နိုဝင်ဘာလအတွက် စစ်တမ်းများအရ သိရှိရသည်။

၁။ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (စစ်တက္ကသိုလ် အပတ်စဉ်-၄၁)

မိတ္တီလာအခြေစိုက် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (စစ်တက္ကသိုလ် အပတ်စဉ်-၄၁)

သည် နိုဝင်ဘာလ ၅ ရက်နေ့ ကွမ်းလုံ မြို့၊ ပန်လုံ ဗျူဟာကုန်း တိုက်ပွဲ တွင် သေဆုံးသည်။

၂။ ခမရ ၁၁၃ ၏ ဒုတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး/ ဗိုလ်မှူး

ခမရ ၁၁၃ ၏ ဒုတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး/ ဗိုလ်မှူး သည် နိုဝင်ဘာလ ၆ ရက်နေ့ ကွမ်းလုံမြို့၊ ပန်လုံ ဗျူဟာကုန်း တိုက်ပွဲ

၃။ ခလရ ၉၇ ဗိုလ်မှူး

ခလရ ၉၇ မှ ဗိုလ်မှူးသည် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တပ်မ ၄၄ လက်အောက်ခံ (၉၇) တပ်ရင်း နှင့် ဇိနသုခ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဉ်များဖြင့် (၆)ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ (၉၇) တပ်ရင်းမှ တပ်ခွဲမှူး ၊ Body guard (၁)ယောက် နှင့် စစ်သား (၁)ယောက်တို့ သေဆုံးခဲ့သည်။

၄။ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ(၂၂) လက်အောက်ခံ အင်အား (၅၀)ဦးပါ စစ်ကြောင်းမှ (၂၃)ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ (၁)ဦး အပါအဝင် (၁၄)ဦး သေဆုံးကြောင်း၊ အရာရှိ (၁)ဦး အပါအဝင် (၅)ဦး အရှင် ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် စစ်သား (၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၅။ ခမရ ၄၂၅ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး

ကရင်နီပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်နေ့လုံး လွိုင်ကော် တက္ကသိုလ်ဝန်းထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်း တစ်ရင်းလုံး နီးပါး သေဆုံးခဲ့သလို ခမရ (၆) ၏ အင်အား တစ်ဝက် နီးပါးသေဆုံးခဲ့သည်။

၆။ ခမရ ၄၂၅ ဗိုလ်မှူး

ကရင်နီပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်နေ့လုံး လွိုင်ကော် တက္ကသိုလ်ဝန်းထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်း တစ်ရင်းလုံး နီးပါး သေဆုံးခဲ့သလို ခမရ (၆) ၏ အင်အား တစ်ဝက် နီးပါးသေဆုံးခဲ့သည်။

၇။ ဗိုလ်မှူးကြီး တင်အောင်မိုး (စစ်တက္ကသိုလ် ၄၃)

သေဆုံးရက် (၁၉/၁၁/၂၀၂၃)

၂၀၂၃ နိုဝင်ဘာ (၁၉)ရက်ညက (PSLF/TNLA)နှင့် ဖြစ်ပွားသည့် မူဆယ်မြို့နယ် (၁၀၅)မိုင် တိုက်ပွဲတွင် စကခ(၁၇) နည်းဗျူဟာမှူး ၊ မိုင်းပန် အခြေစိုက် ဗိုလ်မှူးကြီး တင်အောင်မိုး (စစ်တက္ကသိုလ် ၄၃) ဒရုန်းဗုံး ထိမှန်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ဝန်ကြီးဌာနက အတည်ပြုထားသည်။ ။

၈။ ဗိုလ်မှူး အေးချမ်း

ဒုတပ်ရင်းမှူး ၊ ခလရ(၉၇) ကော့ကရိတ် အခြေစိုက်

၂၀၂၃ နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ်မြို့ အခြေစိုက် ခလရ(၉၇) တပ်မှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးမြို့ ချက်ပွိုင့် အနီးရှိ Beauty Parlor ဆိုင်တွင် စနိုက်ပါ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဦးခေါင်း ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

၉။ ဗိုလ်မှူး စိုးဝင်းထိုက်

ချင်းပြည်နယ် မတူပီ ခရိုင် လိုင်လင်းပီမြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး စိုးဝင်းထိုက် အပါအဝင် (၃)ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေက အိန္ဒိယဘက်ကို ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

၁၀။ ဒု ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း (စစ်တက္ကသိုလ် ၄၅)

တပ်ရင်းမှူး ၊ ခလရ(၇၉) မိတ္ထီလာ၊ တပ်မ(၉၉)

နိုဝင်ဘာလ ၂၆ ရက်နေ့ မူဆယ်မြို့နယ်၊ လုံခန်း တပ်စခန်းသိမ်းတိုက်ပွဲတွင် ဒု ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း (စစ်တက္ကသိုလ် ၄၅) တပ်ရင်းမှူး၊ ခလရ ၇၉ သေဆုံါ်သည်။

၁၁။ ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း

တပ်ရင်းမှူး ၊ ခမရ(၅၅၇) တနင်္သာရီမြို့

မွန်ပြည်နယ် ကျိုက်မရော ချောင်းနှစ်ခွ စစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ရက်ပေါင်းများစွာ တိုက်ခိုက်လျက်ရှိရာ ဘန်လော -တနင်္သာရီမြို့ အခြေစိုက် ခမရ(၅၅၇) မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွ စခန်းသို့ ပို့ဆောင်ပြီး စခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့စဉ် ဒရုန်း ဗုံးကျဲခံရသဖြင့် ပုခုံးနှင့် လက်မောင်းတွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း ၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ပေါင်တွင် စနိုက်ပါ ထိမှန်ပြီး သွေးထွက် လွန်သဖြင့် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့သည်။ သေဆုံးသွားသည့် ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်၍ သီဟသူရဘွဲ့ ချီးမြှင့်ကြောင်း သိရှိရသည်။

ဒုတိယ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ခမရ(၄၃၂) တပ်ရင်းမှူး တာဝန် ထမ်းဆောင်ခဲ့ချိန်ကလည်း KNU တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ဒရုန်းဗုံး ထိမှန်ခဲ့၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ယင်းနောက် ခမရ(၅၅၇) တပ်ရင်းမှူး အဖြစ် ပြောင်းရွှေ့ခဲ့သည်။

၁၂။ခမရ(၅၇၉) မိုင်းဆတ်အခြေစိုက် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး

TNLA နှင့် ပူးပေါင်းတပ်များက ကျောက်မဲ ဘီးခွန်ဂိတ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တိုက်ခိုက်ရာ ခမရ (၅၇၉) တပ်ရင်းမှူး သေဆုံးသွားသည်။

၁၃။ တပ်နယ်(၄) ၊ ကရင် နယ်ခြားစောင့်တပ် ဗိုလ်မှူး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေး ရဲစခန်းမှ ချောင်းနှစ်ခွ သို့ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း စစ်ကြောင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ် ဗိုလ်ကြီး ၁ဦး ၊ နယ်ခြားစောင့်တပ် တပ်နယ်၄ ၏ စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးသေဆုံးသည်။

ဒဏ်ရရသူ ( ၄ )ယောက်မှာ

၁။ ခလရ ၁၉ မှ ဒု ဗိုလ်မှူးကြီး ကျော်မင်းထွန်း

နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခလရ ၁၉ မှ ဒု ဗိုလ်မှူးကြီး ကျော်မင်းထွန်း ဒဏ်ရာရသည်။

၂။ ခမရ ၅၅၆ မှ ဒု ဗိုလ်မှူးကြီး ဝင်းနောင်ထွန်း

နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၆ မှ ဒု ဗိုလ်မှူးကြီး ဝင်းနောင်ထွန်း ဒဏ်ရာရသည်။

၃။ ခမရ ၅၅၇ မှ ဒု ဗိုလ်မှူးကြီး ခန့်နောင်

နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၇ မှ ဒု ဗိုလ်မှူးကြီး ခန့်နောင် ဒဏ်ရာရသည်။

၄။ နဗဟ ၂ မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း

နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ နဗဟ ၂ မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း ဒဏ်ရာရသည်။

စစ် သုံ့ပန်းအဖြစ်လည်းကောင်း၊ လက်နက်ချသူအဖြစ်လည်းကောင်း အလင်းဝင်သူ စစ်အရာရှိ ၁၁ ဦး ရှိပြီး

၁။ မင်းပြားမှ ဗိုလ်မှူး

နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက် (၈)နာရီခန့်တွင် မင်းပြားမြို့နယ်၊ ဖားပြိုအောက်ရွာ အနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ရခိုင် တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး (၁)ဦးနှင့် ဗိုလ်ကြီး (၁)ဦးကို ရခိုင်တပ်တော် AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

၂။ ချင်းပြည်နယ်မှ ဗိုလ်မှူး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လက်နက်ချသည်။

၃။ ခမရ ၄၂၃ မှ ဗိုလ်မှူး/ဗိုလ်ကြီး ဖြိုးမြင့်နိုင်

နိုဝင်ဘာလ ၁၃ ရက်နေ့ ကရင်နီတိုက်ပွဲတွင် အမှတ် (၄၂၃) ခြေမြန်တပ်ရင်း ဆီဆိုင်မြို့မှ ဗိုလ်မှူး/ဗိုလ်ကြီး ဖြိုးမြင့်နိုင် လက်နက်ချ အညံ့ခံသည်။

၄။ ခမရ ၆ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကောင်းမြတ်ကို

နိုဝင်ဘာ (၁၄)ရက်နေ့တွင် လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း ကျန်ရှိနေသည့် ခမရ (၆) တပ်ကို တိုက်ခိုက်နေစဉ် တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးသည့် (၃၂) ဦး သည် KNDF ထံ လက်နက်ချ အညံ့ခံခဲ့သည်။

၅။ ဒု ဗိုလ်မှူးကြီး သူရ

နိုဝင်ဘာလ ၁၈ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး သူရကို MNDAAက ဖမ်းဆီးခဲ့သည်။

၆။ ဗိုလ်မှူး ခိုင်သန့်မိုး(စစ်တက္ကသိုလ်အပတ်စဉ်- ၄၄ )

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကရင်နီ​တပ်​ပေါင်းစုက က ၁၁.၁၁ စစ်ဆင်ရေး အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပစ်ချနိုင်ခဲ့​သော စစ်တပ်တိုက်လေယာဉ် K-8 မှ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းဆီးနိုင်ခဲ့သည်။

၇။ ဟားခါး ခလရ ၂၆၆မှ ဗိုလ်မှူး

နိုဝင်ဘာလ ၂၁ ရက်နေ့ ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၃)ဦး သေဆုံးကာ ဗိုလ်မှူး တစ်ဦး အပါအဝင် (၁၃)ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

၈။ ဗိုလ်မှူး သန်းနိုင်

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာမှာ တပ်စွဲထားတဲ့ အင်းအား (၅၀)ကျော်ရှိ စစ်ကောင်စီ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ၂၀၂၃-၁၁-၂၃ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား (၂၀) ကျော် ထွက်ပြေးသွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက် နှင့် ၂၄ ရက်နေ့တွေမှာ လိုက်လံ ရှာဖွေ ဖမ်းဆီးရာ စခန်းတာဝန်ခံ ဗိုလ်မှူး သန်းနိုင် ကို မြိုသာ ကျေးရွာ အနီး လယ်တောထဲမှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

၉။ခလရ ၆၉ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး( သိန္နီ)

နိုဝင်ဘာလ ၂၇ ရက်နေ့ ကိုးကန့် ဒေသ ရှီးစန်းချီး ၊ တာ့ရွှေထန်း ကျေးရွာအုပ်စု ၊ ရှောင်ပိုင်ရန် တိုက်ပွဲမှာ စကခ (၁၆)လက်အောက်ခံ ခလရ(၆၉) တပ်ရင်းမှူးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။

၁၀။ ခလရ ၁၂၅ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး (ကုန်းကြမ်းမြို့နယ်)

နိုဝင်ဘာလ ၂၈ ရက်နေ့ ကိုးကန့်ခရိုင် ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ် ခလရ ၁၂၅ တပ်မှ တပ်ရင်းအလိုက် အလင်းဝင်ရောက်လာရာ တပ်ဖွဲ့ဝင် နှင့် မိသားစုဝင် ၂၇၂ ဦး ရှိကြောင်း (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောဆိုခဲ့သည်။

၁၁။ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည်။

ထို့ပြင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦး ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှုံးနိမ့်မှုများစွာ ကြုံနေရသော်လည်း ပွဲတက်မပြတ်သည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article