28 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်များ ထိခိုက် ပျက်စီး

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်များ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် မတ္တရာမြို့နယ်ရှိ ဝန်စုရွာနှင့် ရွာသက်ရွာကို ဇီးဖြူပင်ကုန်းကျေးရွာနှင့် ရှမ်းမြောင်းကျေးရွာအကြား တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်တာဗျ။ ဒီဇင်ဘာ ၄ ရက်နေ့ကပါ။ မနေ့ညက။ လက်နက်ကြီး ကျည်စထိတဲ့ ပြည်သူတွေက ပြည်သူ ၂ ဦးက လင်မယား နှစ်ယောက်ပါ။ အသက် ၂၅ နှစ်ဝန်းကျင်ပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article