26 C
Yangon

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီးပြီး ဆယ်ကျော်သက်အရွယ်ကလေး ၁ ဦးဒဏ်ရာရ

Must read

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီးပြီး ဆယ်ကျော်သက်အရွယ်ကလေး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်းအရှေ့ဘက်၊ အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်များ ပျက်စီးပြီး ဆယ်ကျော်သက် ကလေး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီတွင် တစ်ကြိမ်၊ မနက် ၄ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လှေဆွဲမြောင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကျဲချကြောင်း ၊ နေအိမ် ၅ လုံးမီးလောင်ပျက်စီးဆုံးရှုံးပြီး ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးကျဲတာပါ။ စစ်တောင်းမြစ်ကမ်းနဖူးက တံငါရွာလေးကနေ တောမြို့လေးဖြစ်လာတဲ့ ကျေးရွာကို စစ်တပ်က တိုက်ပွဲလည်းမဖြစ်ဘဲ အကြောင်းမဲ့ ဗုံးကျဲတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်းအရှေ့ဘက် အပါအဝင် တိုင်းအတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ပြည်သူများနေထိုင်သော ကျေးရွာ၊ ရပ်ကွက်များအား ဦးတည် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article