လောင်းလုံးမြို့ပေါ်ရှိ မြို့တော်ခန်းမနှင့် ဆေးရုံရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၉
လောင်းလုံးမြို့ပေါ်ရှိ မြို့တော်ခန်းမနှင့် ဆေးရုံရှေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင်အချို့မှ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် အစောပိုင်း၌ “ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။