ရှမ်းပြည်နယ်မြောက်ပိုင်း ABSDF စစ်ကြောင်း ၂ တွင် ၇၅ နှစ်မြောက် ကမ္ဘာ့လူ့အခွင့်အရေးနေ့ အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ABSDF စစ်ကြောင်း ၂ တပ်ရင်းတွင် ၇၅ နှစ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ABSDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းမှ ပေးပို့သော မိန့်ခွန်း ဗီဒီယိုအား ဖွင့် လှစ်ပြသခဲ့ပြီး ABSDF ဒုက္ကဌ ရဲဘော် လဆိုင်းမှ လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“ကျမတို့ လက်နက်ကိုင်တိုက်ပွဲ ဝင်နေတဲ့ ဦးတည်ချက် ၄ ရပ်ထဲမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ရရှိရေးဆိုတဲ့ အချက် ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း ကမ္ဘာ့လူ့အခွင့်အရေးချိုးဖောက် ခံရဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ပညာပေးအနေနဲ့ ခုလို World Human Right Day မှာ ဟောပြောပွဲတွေ ပိုစတာကမ်ပိန်းတွေ လုပ်ကြတာပါ” ဟု ABSDF စစ်ကြောင်း ၂ အမျိုး သမီးနှင့် လူငယ်ရေးရာ ဌာနမှ ရဲဘော် အေးဇာအောင်က ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ABSDF စစ်ကြောင်း ၂ တွင်သာမက အခြား ABSDF စစ်ကြောင်းများနှင့် အလုပ်အဖွဲ့ အသီးသီးတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။