23 C
Yangon

မင်းပြားမြို့နယ်၊ မရာမာကြီးတိုင်းရင်းသား ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

Must read

မင်းပြားမြို့နယ်၊ မရာမာကြီးတိုင်းရင်းသား ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မရာမာကြီးတိုင်းရင်းသား ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မင်းပြားမြို့နယ်၊ မရာမာကြီးတိုင်းရင်းသား ရပ်ကွက်ရှိ ကလေးများ ဆော့ကစားနေသော နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မစံပယ် ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသော ကလေးငယ် ၆ ဦးကို ဆေးရုံသို့ ပို့ဆောင်စဥ် ကလေးငယ် ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

“မင်းပြားမြို့နယ်မှာ ကလေးတွေ ဆော့နေတဲ့ နေရာကို စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်လို့ ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၆ ဦး ဆေးရုံရောက်နေတယ်။ မရာမာကြီး တိုင်းရင်းသား ရပ်ကွက်ကို ပစ်တာ ဆေးရုံရောက်တော့ ယောကျာ်းလေး ၁ ဦး ထပ်မံ သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article