25 C
Yangon

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် ငွေကြေး တောင်းခံနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် ငွေကြေး တောင်းခံနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် ငွေကြေး တောင်းခံနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း KTLA-tcjf တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီ မြို့နယ်၊ ရေဖြူကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ဗျူဟာနှင့် မလှမ်းမကမ်းရှိသော ကမ္ဘောဇ ကုမ္ပဏီရှေ့၌ ငွေကြေးတောင်း ခံနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိပြီး တော်လှန် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို SBA စစ်ကြောင်းဖြစ်သည့် ကော်သူးလေအာမီ၊ ထီးစဲ့မယ်ရွာတပ်ရင်း၊ ခွဲ -3 နှင့် ညီနောင်တပ်ဖွဲ့များဖြစ်သော ခွတ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ People liberation army တို့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article