24 C
Yangon

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို မြို့နယ် ပအဖ အဖွဲ့က ကောင်းမွန်စွာ လက်ခံထား

Must read

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို မြို့နယ် ပအဖ အဖွဲ့က ကောင်းမွန်စွာ လက်ခံထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို ကောင်းမွန်စွာ လက်ခံထားကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်အတွင်းရှိ မင်းရွာ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်း ကန်ရွာ နှင့် တောင်ခင်ရန်းရွာတို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် စခန်းများ စွန့်ခွာထွက်ပြေးခဲ့​ပြီး မြောက်ခင်ရန်း ပျူစောထီးရွာမှ ပြည်သူ ၁၉၁ ဦး သည် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ အုပ်ချုပ်မှုအောက်တွင် မနေရဲတော့ဘဲ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ထွက်ပြေး ခိုလှုံလာခြင်းဖြစ်​ကြောင်း သိရသည်။

မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူများမှာအမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၁၀၈ ဦး စုစုပေါင်း ၁၉၁ ဦး ဖြစ်ပြီး ဂန့်ဂေါမြို့နယ် ပအဖ၊ ပကဖ အဖွဲ့ဝင်များက စနစ်တကျ စိစစ်လက်ခံလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လောလောဆယ် ၁၉၁ ဦးပါဗျ။ ထပ်ပြီး ခိုလှုံမယ့်သူတွေလည်း ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ ပျူတွေက စောင့်ကြည့်နေကြတော့ ထွက်လို့မရဖြစ်နေတာဗျ”ဟု ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထွက်ပြေးလာသူများကို လက်ရှိချိန်တွင် ပြစ်မှုကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးပြီး စစ်ရှောင်စခန်းတွင် ကောင်းမွန်စွာ ထားရှိကာ အခြေခံရိက္ခာများ၊ ခြုံစောင်များ၊ အနွေးထည်များနှင့် အခြား အကူအညီများကိုလည်း အချိန်နှင့်တပြေးညီ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article