26 C
Yangon

အောင်ပွဲ အလီလီရနေသည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နွေဦးတော်လှန်ရေး နှင့် NUG အပေါ် နိုင်ငံတကာ၏ အာရုံ စိုက်မှု ရလာဟု NUG သမ္မတနှင့်ဝန်ကြီးချုပ်ပြော

Must read

အောင်ပွဲ အလီလီရနေသည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နွေဦးတော်လှန်ရေး နှင့် NUG အပေါ် နိုင်ငံတကာ၏ အာရုံ စိုက်မှု ရလာဟု NUG သမ္မတနှင့်ဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အောင်ပွဲ အလီလီရနေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နွေဦးတော်လှန်ရေးနှင့် NUG အပေါ်တွင်ပါ နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် စောင့်ကြည့်မှုများ ရလာဟု NUG သမ္မတနှင့်ဝန်ကြီးချုပ်တို့က ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင်ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားအားလုံး၏ တော်လှန်ရေးအောင်ပွဲသည် နွေဦးတော်လှန်ရေး၏ အောင်ပွဲနှင့်ထပ်တူဖြစ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

“မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးထိုးစစ်တွေကလည်း မြင့်မားကျယ်ပြန့်လာပြီး အောင်ပွဲ အလီလီ ခံနိုင်လာတာကို တွေ့ရပါတယ်။ တိုင်း ရင်းသားတော်လှန်ရေးအောင်ပွဲတွေဟာ နွေဦးတော် လှန် ရေးအောင်ပွဲနဲ့ ထပ်တူ ဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးထိုးစစ်တွေကို ကဏ္ဍနယ်ပယ်အသီးသီးကနေ ပုံစံမျိုးစုံနဲ့ ဝိုင်းဝန်းကြဖို့ အထူးလိုအပ်တယ်လို့ ပြောချင်ပါတယ်။” ဟု ယာယီသမ္မတဒူဝါလရှီးက ပြောကြား သည်။

ထို့ပြင် စစ်ရေးသည် တနေ့ထက် တနေ့ တိုးတက်လာပြီး ရုတ်ချည်းတိုးတက်ပြောင်းလဲလာနေ ကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေနှင့်အတူ လုပ်ငန်းစဉ်များလိုက်လျောညီထွေဖြစ်ရန် လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ချမှတ်ထားသည့် တော်လှန်ရေးမူဝါဒနှင့် အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ အသက်သွင်းရန် အရေးကြီးကြောင်း၊ ပြည် သူ့အရေးများကို စီမံကွပ်ကဲသည့်အခါမှာ လူထုကို ကာကွယ်စောင့်ရှောက်ရန် ဗဟိုပြု ရည်မှန်းချက် ဖြစ်သည်ကို အမြဲသတိရှိနေရန် လိုအပ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိပြည်တွင်း ရေးအခြေအနေဟာ ခုခံတော် လှန် စစ်အောင်ပွဲတွေနဲ့ လူမျိုးစုတော်လှန်ရေးအောင်ပွဲတွေကို တစ်လှိုင်းပြီး တစ်လှိုင်း ဆင်နွှဲနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ပွဲရဲ့ဘောင်ဟာ ကျယ်ပြန့် သထက် ကျယ်ပြန့်လာသလို နက်ရှိုင်း သထက် နက်ရှိုင်းလာတာကိုလည်း တွေ့ရပါတယ်။ ခုခံ တော်လှန်စစ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ကျွန်တော် တို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်ဆိုတာ လုံးဝမေ့ထားလို့မရပါဘူး။ ဒါ့ကြောင့် ခုခံတော်လှန်စစ် အောင်ပွဲကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်အောင် လုပ်ရမှာ ဖြစ်သလို၊ စစ်ကိုပဲ ဗဟိုပြုပြီး ပြည်သူ လူထုကို လျစ်လျှူရှုတာမျိုးလုပ်လို့ မရဘူးဆိုတာ အဓိကထား သိစေ ချင်တယ်။ ဒီအသိနဲ့ ဒီသတိ ချပ်မှုဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းက သိနားလည် လို့ မရပါဘူး။ ပြည်သူလူထုနဲ့ မြေပြင်မှာ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက လေးလေးနက်နက် လိုက်နာသိရှိအောင် ကျွန်တော်တို့ လုပ် ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတဒူဝါလရှီးလကပြောကြားသည်။

အလားတူ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း NUG အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်မှုအခြေအနေ ကို နိုင်ငံတကာက စောင့်ကြည့်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော ကြားသည်။

“ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ ကျွန်တော် မကြာခဏ ပြောသလို အခုဆိုရင် ၁၀၂၇ နောက်ပိုင်းမှာ နိုင်ငံတကာက ကျွန်တော်တို့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်နိုင်မှု အခြေအနေကို စောင့်ကြည့်လေ့လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်မှုဟာ တော်လှန်‌ရေးအတွက် အင်မတန်အရေးကြီးနေတာ ဖြစ်လို့ ဒီအုပ်ချုပ်ရေးယန္တရား တည်ဆောက်နေတဲ့ အပိုင်းကို အားထည့် စီမံပေးကြဖို့ လိုအပ်မှာဖြစ်ပါ တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝန်းခိုင်သန်းက‌ ပြောကြားသည်။

မြို့နယ်များအတွင်း၌ ဖြစ်ပေါ်နေသည့် ပြသနားများကို သေးငယ်သည့်အချိန်တွင် ပြေလည်အောင် ဖြေရှင်းကြရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအနေဖြင့် မြို့နယ်တစ်ခု၏ ပြသနာများ၊ လုပ်ငန်း ဆောင်တာများကို ဝင်ရောက်ဖြေရှင်းရာ၌ မလွယ်ကူသော်လည်း တိုင်းအဆင့် အုပ်ချုပ်ရေးယန္တရား မတည်ထူထောင်နိုင်သေးခင် အချိန်ပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

“အခုဆိုရင် ကရင်နီ မှာဆိုရင် ကရင်နီပြည်ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (IEC) ရှိနေပြီဖြစ်လို့ ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် (FSCC) ကတဆင့် ချိတ်ဆက် စီမံဆောင်ရွက်ရတာ အင်မတန် အဆင်ပြေပြေ လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တိုင်းအဆင့် အုပ်ချုပ်ရေးတွေ ထူထောင်လာနိုင်ပြီဆိုရင်တော့ စီမံဆောင်ရွက် ရတာတွေ ပိုမိုချောမွေ့သွားမှာ ဖြစ်ပါ တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးသည် နိုင်ငံရေးအရ စီမံဆောင်ရွက်စရာများကို ခပ်စိတ်စိတ်တွေ့ဆုံပြီး ဆွေးနွေးနေကြကြောင်း ၊ ရရှိလာသည့် ရလဒ် ကောင်းများနှင့် လက်ရှိလုပ်ဆောင်နေမှု အခြေအနေများကို အချိန်နှင့် တပြေးညီ နိုင်ငံတကာ အ သိုင်း အဝိုင်းထံသို့ သတင်းစကားပါးနိုင်ရန် ကြိုးစားအားထုတ်ပေးရန် တိုက်တွန်းလိုကြောင်း ၊ တော် လှန်ရေးအစ၌ “လုပ်မှလုပ်နိုင်ပါမလား”ဟု ထင်မြင်ခဲ့ကြသည့် နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် မျက်ဝါးထင်ထင်တွေ့ မြင်လာကြပြီးဖြစ်ပြီး နောက်ထပ်ခြေလှမ်းကို စိတ်ဝင်တစားစောင့် ကြည့်နေ ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လက်ပြောကြားသည်။

“အခုဆိုရင် စစ်တပ်ရဲ့ နိုင်ငံခြားငွေ transaction က အတော်လေး ထိခိုက်နေပြီလို့ ယူဆရပါတယ်။ ဥပမာ အနေနဲ့ ပြည်တွင်းမှာ ဆီကိစ္စအတွက် ငွေပေးချေဖို့ အခက်အခဲဖြစ်တာ၊ ဒေါ်လာစျေးကို သတ် မှတ်ချက် လျော့ပေါ့ပေးလိုက်ရတာတို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပရောက် မိမိတို့ နိုင်ငံသား တွေဆီကပါ ရနိုင်သမျှ အခွန်ကောက်ဖို့ ကြိုးပမ်း လာကြတာ ဖြစ်ပါတယ်။ ကနဦး ရရှိတဲ့ သတင်း တွေ အရတော့ အဲ့ဒီလို အခွန်တွေကောက်ခံရာမှာ ပင်လျှင် ငွေသားနဲ့ ကောက်ခံတာကို ကြည့်ခြင်း အားဖြင့် ပုံမှန် oversea transaction တွေ ဘယ်လောက် ခက်ခဲနေပြီလဲဆိုတာကို ထင်ရှားစေပါ တယ်။ ပြည်သူတွေအနေနဲ့ မကြာခင်ကာလမှာ အခွန်အခများခြင်းနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြား ငွေ အကျပ် အတည်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး အကျိုးဆက်တွေကို ယခုထက် ပိုမိုခံစားလာ ရဖွယ် ရှိနေပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

စစ်ကောင်စီသည် အဆိုပါ စီးပွားရေး အကျပ်အတည်းကို လက်နက်အဖြစ် အသုံးချပြီး အင်တိုက် အားတိုက် ဝါဒဖြန့်လာမည်မှာ အသေအချာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ကြုံ‌ တွေ့လာတော့မည့် အကြပ်အတည်းကို လူထုတစ်ရပ်လုံးနားလည် သိရှိစေရန် ရှင်းလင်းပေးသင့် ကြောင်း၊ အဆိုပါအကြပ်အတည်းကို မြန်မြန်ဆန်ဆန်လွတ်မြောက်ရန် တော်လှန်ရေးအောင်မြင်စေ ရေး ဝိုင်းဝန်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article