32 C
Yangon

မန္တလေး ၆ မြို့နယ်တွင် လူနေဆိုင်ခန်း ၈၀၀ ကျော်ကို ၁၅ ရက်အတွင်း စစ်ကောင်စီက အတင်းအဓမ္မ ဖယ်ရှားခိုင်း

Must read

မန္တလေး ၆ မြို့နယ်တွင် လူနေဆိုင်ခန်း ၈၀၀ ကျော်ကို ၁၅ ရက်အတွင်း စစ်ကောင်စီက အတင်းအဓမ္မ ဖယ်ရှားခိုင်း

ရန်ကုန်၊ဒီဇင်ဘာ ၂၀

မန္တလေးတိုင်း ၊ မန္တလေးမြို့ ၆ မြို့နယ်ရှိ လူနေဆိုင်ခန်း ၈၀၀ ကျော်ကို ၁၅ ရက် အတွင်း စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရှိရသည်။

မန္တလေးမြို့ ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ အမရပူရ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီး စသည့် မြို့နယ် ၆ မြို့နယ်ရှိ

အခြေခံပညာကျောင်းများတွင် လူနေဆိုင်ခန်းများကို ၂၀၀၇ ခုနှစ်တွင် စံနန်းတော်ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ကြောင်း၊ ယင်း လူနေဆိုင်ခန်းများကို ပြည်သူများက စံနန်းတော်ဆောက်လုပ်ရေးထံမှ စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့ကြကြောင်း၊ ယင်း လူနေဆိုင်ခန်းများကို ၁၆ နှစ်အကြာ ယခုကာလအတွင် စစ်ကောင်စီက ဖျက်သိမ်းရန်အတွက် အတင်းအကျပ် ဖယ်ရှားခိုင်းနေကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ခန်းရှင်များကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စစ်ကောင်စီက သတိပေးစာ ၃ စောင်ပေး၍ ပြောင်းရွှေ့ခိုင်းနေကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဆိုင်ခန်းရှင်များကို အစည်းအဝေးခေါ်၍ ဇန်နဝါရီ ၅ ရက်နေ့ ဆိုင်ခန်းများ အပြီးထွက်ခိုင်းနေကြောင်း ဆိုင်ခန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“လက်ရှိ လူနေဆိုင်ခန်းတွေပါ။ မန္တလေး ၆ မြို့နယ်ရှိ အထက်တန်းကျောင်းပေါင်းစုံရှိ လူနေတိုက်ခန်း ၈၀၀ ကျော်ကို ၁၅ ရက်အတွင်း အပြီးဖယ်ခိုင်းနေတာ။ ပုံမှန်လခပေးဆောင်ရတယ်။ တစ်လ ၂ သောင်းကျပ်ပါ။ ၂၀၂၁ ခုနှစ်က စပြီး မပေးသွင်းရတော့တာပါ။ လစဉ်သွားပေးတာ လက်မခံတော့တာပါ။ အခု စည်းကမ်းချက်နဲ့ မညီခေါင်းစဉ်တပ်တာဗျ” ဟု ဆိုင်ခန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

လူနေဆိုင်ခန်းရှင်များကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၅ ရက်နေ့အတွင်း အပြီး ရွှေ့ခိုင်းထားကြောင်း၊ အသနားခံစာ တင်ချင်ပါက ၁၀ ရက်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ခိုင်းကာ မိတ္တူကို ကိုယ့်မြို့နယ် ပညာရေးမှူးထံ ပို့မှ တရားဝင်မည်ဟု မြို့နယ်ပညာရေးမှူးက ပြောဆိုကြောင်း သိရှိရသည်။

ဆိုင်ခန်းများမှာ လက်ရှိပေါက်ဈေး သိန်း ၃၀၀ နှင့် ၅၀၀ ကျပ်ကြားရှိကြောင်း၊ မိန်းလမ်းမ ဆိုင်းခန်းများမှာမူ ငွေကျပ် သိန်းထောင်ဂဏန်းအထိ ပေါက်ဈေးရှိကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးခေါ်ကာ လက်မှတ်ထိုးခိုင်း၍ ရွှေ့ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက လူနေဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းခြင်းနှင့် ပတ်သက်၍ လျေ ာ်ကြေးပေး လျော်မည် (သို့မဟုတ်) နေရာအစားပြန်ပေးမည်ဟု ပြောဆိုခြင်းမရှိဘဲ အသနားခံစာကိုသာ ဒီဇင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တင်ခိုင်းကြောင်း ဆိုင်ခန်းရှင်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ်အတွင်း မန္တလေးတွင် ပြည်သူပိုင်နေအိမ်များကို ကျူးကျော်ဟုဆိုကာ အတင်းအကျပ် စစ်ကောင်စီက ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article