33 C
Yangon

လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များက နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းနေ

Must read

လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များက နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များကလည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းစောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့နယ် နေရာအနှံ့အပြားတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲချခြင်း အပါအဝင် အလွန်အကျွံ့ အင်အားသုံး ပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လောက်ကိုင်မြို့ပေါ်တွင်ပါ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“လောက်ကိုင်မြို့နယ်အနီးက ဗျူဟာတောင်ကုန်းတွေ၊ စခန်းတွေကို စစ်ကောင် စီက လေယာဉ်တွေနဲ့ဗုံးကျဲတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ လောက်ကိုင်မြို့ထဲမှာလည်း ပစ်ခတ်မှုတွေက တောက်လျှောက်ပဲ။ ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲပြန်စတာ အခုထက်ထိ တိုက်ပွဲတွေ ပြင်းထန်တယ်။ စစ်တပ်က လေ ယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါ အင်အားကို အရမ်းသုံးနေတယ်”ဟု တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။

လောက်ကိုင်တွင် တိုက်ပွဲများ ပြင်းထန်လာချိန် တရုတ်-မြန်မာနယ်စပ်တစ် လျှောက်တွင် တရုတ်စစ်ရဟတ်ယာဉ်များက စောင့်ကြည့်ပျံသန်းမှုများကို ယနေ့ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တယ်ဟုန် ခရိုင် မြန်မာ-တရုတ် နယ်စပ် တကျောမှာ တရုတ်စစ်ရဟတ်ယာဉ်တွေ ဒီရက်ပိုင်း ပျံသန်းနေတယ်။ နယ်စပ် တည် ငြိမ်ရေး လုံခြုံရေး ကင်းလှည့်နေကြတာ” ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် ပျက်စီးနေသော လောက်ကိုင်မြို့နယ်အတွင်းမှ အထပ်မြင့်တိုက်တာတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article