Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မြန်မာနိုင်ငံတစ်ဝန်း စစ်သား သေဆုံးမှု အလွန်များပြားနေတဲ့အတွက် အကျဉ်းထောင်အသီးသီးက ပြစ် ဒဏ်ကျ အရာရှိ နဲ့ စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှု ထမ်းခိုင်းမှာ ဖြစ်တယ်လို့ ရန်ကုန်ခေတ်သစ်ကရရှိထားတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက် ညွှန်ကြားချက်အရ သိပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြိုက စစ်ကောင်စီရဲ့ နောက်ဆုံးကျန်တဲ့ ခလရ ၁၃၀ တပ်စခန်းကို မနေ့ကညပိုင်းမှာပဲ TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ မန်တုံမြို့နယ်ကိုပါ သိမ်းပိုက်ထိန်းချုပ် လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
– အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဆက် ဆံရေးထူထောင်ဖို့ ထိုင်းအစိုးရကို ထိုင်းအောက်လွှတ်တော်က တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
