27 C
Yangon

တမူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

တမူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စေတီရွာနှင့် အောင်ဇေယျရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ကာ စေတီရွာကို အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်း အဖွဲ့က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က စေတီ ကျေးရွာနှင့် အနီးဝန်းကျင်ကို လေယာဥ်ဖြင့် နေ့စဥ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၅ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်း အဖွဲ့ အောင်ဇေယျကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးလျက်ရှိပြီး လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောကြောင့် ပျက်စီးသွားသည့် နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေး​ကြောင်း သိရသည်။

“တမူးမြို့ အထက်ဘက်က စေတီရွာကို စကစနှင့် SNA က မီးရှို့လို့ နေအိမ် ၇ လုံး မီးလောင်သွားတယ်။ ပြီးတော့ ရွာထဲနဲ့ အနီးဝန်းကျင်ကို လေယဉ်နဲ့ ဗုံးကျဲလို့ နေအိမ် ၅ လုံး ထပ်မံ ပျက်စီးတယ်။ စုစုပေါင်း နေအိမ် ၁၂ လုံး လောက်က ပျက်ဆီးနေတယ်။ အခု အောင်ဇေယျ ရွာကိုလည်း မီးရှို့နေတယ်။ မနေ့ကလည်း အောင်ဇေယျရွာကို ရှို့နေတာ စစ်ခွေးတွေ ရွာထဲမှာရှိနေတော့ ပျက်စီးမှု အသိရသေးဘူး။ စစစ်ခွေးတွေက တိုက်ပွဲရှိရှိမရှိရှိ ဗုံးကျဲနေတာ တစ်ခါလာရင် အလုံး၂၀ ကျဲချတာ တစ်ရက်ကို ၄ ကြိမ် ပုံမှန်လာကျဲတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article