ပလက်ဝမြို့နယ်၊ ဆမီးမြို့ ရဲစခန်းမှ ရဲ ၄ ဦး သေနတ် ၄ လက် ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ရဲစခန်းမှ ရဲ ၄ ဦး သေနတ် ၄ လက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆမီးမြို့ပေါ် ရဲစခန်းမှ တပ်ကြပ် လှထွန်း၊ တပ်ကြပ် ယိုးသိန်း၊ ဒုတပ်ကြပ် လိုင်သိန်းနှင့် တပ်သား ပီတာလင်း တို့သည် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ/ ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝထံ အလင်းဝင်လာကြောင်း သိရှိရသည်။
အဆိုပါ ရဲ ၄ ဦးသည် G-3 သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည်ဆံ ၄၈၀ တောင့်၊ ၉၄ သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၂၀၀ တောင့်ကို ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ထံ ယူဆောင်လာခဲ့ကြောင်း သိရသည်။
ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ/ ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝ၏ နိုဝင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝထံ အလင်းဝင်ရောက်လာသော ၄င်းတို့ မ ဦးကို ဆုငွေပေးအပ် ချီးမြှင့်ခဲ့ပြီး ထပ်မံ၍ ပြည်သူ့ရင်ခွင်အလင်းဝင်မည့် စစ်သား၊ ရဲများလည်း လက်နက်ခဲယမ်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘေးကင်းလုံခြုံသောနေရာကို ပို့ဆောင်ပေးပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ဆုချီးမြှင့်မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။