29 C
Yangon

မုံရွာ၊ ပုလဲ၊ ဆားလင်းကြီးနှင့် မြောင် မြို့နယ် တို့ရှိ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မုံရွာ၊ ပုလဲ၊ ဆားလင်းကြီးနှင့် မြောင် မြို့နယ် တို့ရှိ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံး သီး ၂ လုံး၊ ညနေ ၂ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးသီး ၅ လုံး၊ အလားတူ နံနက် ၁၁ နာရီ ခန့်တွင် မုံရွာ မြို့နယ်၊ သာစည်ရဲစခန်းဝင်းအတွင်းသို့ ဗုံးသီး ၆ လုံး၊ ညနေ ၄ နာရီ မိနစ် ၃၀ တွင် ဆားလင်းကြီးမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းအတွင်းသို့ ဗုံးသီး ၂ လုံးကျဲချခဲ့ကြောင်း၊ထို့အပြင် ဆာလင်းကြီးမြို့မရဲစခန်းအတွင်းသို့ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းရန် နှိုးဆော်စာများကို ၁ ကြိမ် ကျဲချခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း – ၂၄ တပ်ခွဲ ၃ ၊ တိမ်တမာန်လေကြောင်း စစ်ဆင်ရေး၊ မြိုင်မြို့နယ် ပကဖ၊ ဆားလင်းကြီးမြို့နယ် ပကဖ၊ ကျောက်လုံးကြီး KLG တပ်မဟာ၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီ ဇာတ်ကား ထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ CONNECT ၊ မဖြူလေးနှင့် ဒေသခံတပ်ရင်း၊ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရှိသည့် ပစ္စည်းလေးများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို အစွမ်းကုန်တွန်းလှန် တိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် ဒရုန်း အစီးရေများများဖြင့် ဒရုန်း ဗုံးသီးများများ ကျဲချနိုင်ရန် ၊ ယခုထက် ပိုမိုထိရောက် သော မစ်ရှင်များဖော်ဆောင်နိုင်ရန် အတွက် ပူးပေါင်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်း တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသောသော အ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နနွင်းကိုင်းကျေးရွာနှင့် ရွှေတချောင်းကျေးရွာ အရောက် ဒရုန်း ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့နှင့် Shar Htoo Waw နည်းပညာ Team – 2 တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article