26 C
Yangon

မတ္တရာမြို့နယ်၊ သနပ်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျ

Must read

မတ္တရာမြို့နယ်၊ သနပ်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သနပ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၈ မိနစ်တွင် ရွေဘောင်ကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သနပ်ကုန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ကျေးရွာနေ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို ထိမှန်ကာ မီးလောင်ပျက်စီးသွားပြီး ပဲမှော်စဥ် ၃ ခုလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“ဒီနေ့ မတ္တရာမြို့နယ် သနပ်ကုန်းကျေးရွာကို စစ်ခွေးတွေ ပစ်လိုက်တဲ့ လက် နက်ကြီးထိမှန်လို့ ပြည်သူ ၁ ဦးသေဆုံးသွားတယ်။ နေအိမ် ၁ လုံး၊ ပဲမှော်စဥ် ၃ ခုတို့ လက်နက်ကြီး​ကျည် ထိမှန်သွားပြီး မီးလောင် ပျက်စီးသွားတယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွှေဘောင်ကျေးရွာမှ သုံးဆယ်ပေးကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article