Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-လောက်ကိုင်မြို့နယ်က စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို MNDAA က မနေ့က တစ်ရက်တည်းမှာပဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင် ၊ စစ်ကောင်စီက တပ်ကူစေလွှတ်ထားတဲ့ တပ်မ ၅၅ က စစ်သားရာဂဏန်းနီးပါးဟာလည်း လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ တရုတ်-မြန်မာ နယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။
-မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဟာ ဖွဲ့စည်းပုံ ပျက်ပြီးတော့ အဖွဲ့တွေပါကွဲပြီး ထွက်ပြေးနေရတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် နဲ့ ရွှေကျင်မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေး ပေါင်းစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီတပ်သား ၈ ဦး သေသွားတဲ့အပြင် လက်နက် ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။