26 C
Yangon

ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ကာ ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးခြံ၌ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် မြင်းစီးရွာမှ တစ်ဆင့် ဆင်အင်းရွာနှင့် ကူးတိုးဆိပ်ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“‌ရွှေဘိုနယ် ညောင်ပင်သာ စိုက်ပျိုးရေး‌ခွေးခြံကနေ အင်အား ၁၀၀ ခန့် မြင်းစီးမှတစ်ဆင့် ဆင်အင်း ကူးတိုးဆိပ်ကျေးရွာတွေကို ဝင်ရောက်လာတာဖြစ်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေဘိုမြို့ အနောက်ဘက်ခြမ်းကျေးရွာများရှိ ပြည်သူအများအပြားသည် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် လနှင့် ချီ၍ စစ်ဘေး တိမ်းရှောင်တိမ်းနေကြရကြောင်း သိရသည်။

အလားတူ ရေဦးမြို့နယ်ရှိ ကျေးရွာများကိုလည်း ဒီပဲယင်းမြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ဒီဇင်ဘာလ ၂၃ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကံပေါက်၊ နဘောင်၊ ဖလံဂုဏ်၊ ဖိန်းကားနှင့် ရွာသစ် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article