29 C
Yangon

ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်နှင့် ပန်းတိုင်းခြုံရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်နှင့် ပန်းတိုင်းခြုံရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်နှင့် ပန်းတိုင်းခြုံရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ​ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေထိုင်ရာ အဆောက်အဦးအတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်၌ ပြည်သူများကို စစ်ဆေးပြီး ဆက်‌ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Drone ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။

” စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက်တော့ အတည်ပြုနေတယ်။ စစ်ခွေးတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တော်လှန်ရေး ရဲဘော်တွေ​ေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ ပခုက္ကူ Local တပ်ပေါင်းစု၊ Urban Underground Revolution Force၊ ‌ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article