30 C
Yangon

Breaking News- နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီက လေယာဉ်ကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေ

Must read

Breaking News- နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီက လေယာဉ်ကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက နတ်သံကွင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“နတ်သံကွင်းမြို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်က သိမ်းလိုက်ပြီ။ စစ်ကောင်စီဘက်ကနေ လေယာဉ်တွေနဲ့ ဗုံးကျဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။

နတ်သံကွင်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသော ရှေ့တန်းသတင်းရင်းမြစ်ကမူ “KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းမြို့ကို ထိန်းထား နိုင်ပြီ။ နတ်သံကွင်းရဲစခန်းကိုလည်းသိမ်းလိုက်ပြီ ။ မြို့ကို ရှင်းလင်းရေးလုပ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယခုနှစ် ဇွန်လ ၆ ရက်နေ့ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး တံတား (နတ်သံကွင်း) မိုင်းခွဲခံရပြီး ကျိုးကျသွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article