29 C
Yangon

ကောလင်းမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ကောလင်းမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ၊ နံနက် ၁၁ နာရီနှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တို့တွင် ဝန်းသိုမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကောလင်မြို့အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများကို ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းတို့ ပွဲချင်းပြီးသေဆုံးပြီး ဘုန်းကြီး တစ်ပါးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

” အသက် ၂ နှစ် အရွယ်ကလေးငယ်က ဦးခေါင်းပွင့်ထွက်သွားတယ်။ ၁ ဦးကတော့ တစ်ကိုယ်လုံး ကျည်စတွေမှန်တာ လူကြီးကတော့ အသဲထိပြီး သေဆုံးသွားတယ်” ဟု ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article