29 C
Yangon

ရေဦးမြို့၊ အားကစားရုံ၌ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့၊ အားကစားရုံ၌ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အားကစားရုံ၌ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီ ခန့်တွင် ရေဦးမြို့၊ အားကစားရုံတွင် အကြမ်းဖက်စစ် ကောင်စီတပ်သား ဒီဇင်ဘာ အားကစား‌ ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ Fixed Wings Drone များဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အားကစားပြိုင်ပွဲကျင်းပမှု ပျက်စီး သွားပြီး ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့ ဒီဇင်ဘာ အားကစားဖြစ်တဲ့ ခြင်းပြိုင်ပွဲတွေ၊ လွန်ဆွဲပွဲတွေ လုပ်နေတာ၊ အဲဒီအချိန်မှာ သွား ပြီးတော့ ဗုံးချခဲ့တာ၊ ဗုံးသီး ၄ လုံးလောက်ချခဲ့တယ်၊ ဒါပေမယ့် အထိအခိုက်တော့ ပြန်မသိရဘူး၊ ဝင် ပြေးတယ်၊ ပြုတယ် ရုတ်ရုတ်တော့ အဲလိုအသံမျိုးတော့ ကြားရတယ်၊ တိကျတဲ့သတင်းအခြေအနေ ကတော့ ဘာမှ မကြားရသေးဘူး၊” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း – ရေဦး PDF တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article