29 C
Yangon

ထီးချိုင့်၊ ကံပေါက်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် ဗုံးကျဲ၍ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

Must read

ထီးချိုင့်၊ ကံပေါက်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် ဗုံးကျဲ၍ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ၃၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ ကံပေါက်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေယာဉ်နဲ့ပစ်ခတ်လို့ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ကံပေါက်ကျေးရွာ ပြည်သူတွေက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ ခွဲ အချိန် ဗုံးကျဲတာတွေပြုလုပ်သွားတာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးတွေ ကျဲချသွားတယ်လို့ သိရပါတယ်။

*မန္တလေးမြို့၊ တံတားဦးကနေ လာရောက်ပစ်တာ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ အကြောင်းမဲ့ကို ပစ်တာပါ။ ချတဲ့ဗုံး ကလည်း ပေါင် ၅၀၀ ဗုံးကြီး တွေဖြစ်တယ်။ ဗုံးကျပေါက်ကွဲပြီး ကျင်းကြီးတွေက အကြီးကြီတွေပါ။ သူတို့ ပစ်လို့ အခုလည်း အသက်‌ ၆ နှစ်အရွယ် မောင်ဟိန်းထက်ပိုင် ပွဲချင်းပြီးသေဆုံးတယ်။ အလောင်း တောင်ရှာမရသေးဘူး။ အမေကတော့ ရင်ကွဲမတတ် ငိုနေတယ်” လို့ ဒေသရွာသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦး အပြင် အိမ် ၃ အိမ်ထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article