29.5 C
Yangon

လောက်ကိုင်ဒေသကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု တရုတ် လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ညအချိနိ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

လောက်ကိုင်ဒေသကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု တရုတ် လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ညအချိနိ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်ဒေသကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တရုတ်လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လောက်ကိုင်ဒေသကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးအချို့သည် လောက်ကိုင်မြို့ပြင်အနောက်တောင်ဘက်ရှိ နန်လီနေရာတွင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့နှင် ၂၆ ရက်နေ့တွင် တုန်ချိန်ရပ်ကွက်နှင့် လောက်တုန်ကုတ်နေရာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး တုန်ချိန်ရပ်ကွက် သေဆုံးမှုနှင့် ဒဏ်ရာရမှုထဲတွင် တရုတ်လူမျိုးများပါဝင်ပြီး ၆ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့်အချိန်မှ စ၍ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ရမ်သမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည် အထူးဒေသ ၁ ကိုးကန့်နယ်မြေအတွင်း ပြည်သူ ၆၉ ဦး ထိမှန်သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိကာ နေအိမ်များ ရာနှင့်ချီ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဦးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၀ တပ်ရင်းက လက်နက်ကြီးဖြင့် မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်တွင် နေထိုင်သော အသက် ၅၀ အရွယ် ဒေါ်ဦးသိန်းနု ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူများမှာ အသက် ၅၈ နှစ်အရွယ် ဦးဝင်းမြင့်အောင်၊ အသက် ၅၀ အရွယ် ဦးင/ဖြူတောင်၊ အသက် ၄၀ အရွယ် ဦးဝင်းဌေး၊ အသက် ၂၂ နှစ်အရွယ် မငြိမ်းဝင်း၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်မေသိန်းနှင့် အသက် ၁၈ နှစ်အရွယ် ကိုမင်းသိန်းစိုး တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article