29 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့မှ ထွက်ခွာလာသည့် အင်အား ၈၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကိုစုရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး မူးသာကုန်းရွာကို ထပ်မံ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရေဦးမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ မုတ်စီနှင့် ပြည်တော် စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့မနက် ရေဦးကနေ အင်အား ၈၀ နီးပါးလောက်နဲ့ ကုက္ကိုစုရွာနဲ့ မူးသာကုန်းရွာ ကို စစ်ကြောင်းထိုးဝင်ရောက်လာတာ စစ်ခွေးတွေက ကုက္ကိုစုရွာမှာရှိတဲ့ နေအိမ်တွေကို မွှေနှောက် ရှာဖွေ ဖျက်ဆီးနေပြီး မူးသာကုန်းရွာကိုလည်း အဖွဲ့ခွဲဝင်ပြီး မူးသာကုန်းရွာကို မီးရှို့တာပြုလုပ်ထားနေတယ်။ မီးခိုးကတော့တက်လာတယ် ဘာကိုရှို့လည်းတော့ မသိဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article