29 C
Yangon

ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရ

Must read

ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ် အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ခိုင်အေးနု သေဆုံးပြီး အသက် ၃ လတစ်ဦး၊၂ နှစ် အရွယ်တစ်ဦးနှင့် ၇နှစ်အရွယ် ကလေးငယ် တစ် ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရကာ စိုးရိမ်ရကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးမှာ အသက် ၂၁ နှစ်အရွယ် မခိုင်အေးဆန်း၊ အသက် ၁၈ နှစ်အရွယ် မသိန်းဦးနွေ၊ အသက် ၃၁ နှစ်အရွယ် ဒေါ်စောနွေ၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခိုင်ခိုင်ညွန့်၊ အသက် ၇ နှစ်အရွယ် မခိုင်နုဝါ၊ အသက် ၃ လအရွယ် မောင်အဘုချေ၊ အသက် ၃၀ အရွယ် ဒေါ်ဦးမေဆန်းနှင့် အသက် ၂ နှစ်အရွယ် မောင်မျိုးချစ်အောင် တို့ဖြစ်ကြောင်း သိရှိရသည်။

” ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ လူတွေ ပါပါတယ်။ အရေးပေါ် ကျေးလက်ဆေးရုံတွေကို ပို့နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article