29 C
Yangon

အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်

Must read

အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ နံနက်ပိုင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက အမိန့်အမှတ် ၁/၂၀၂၄ ၊ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်တွင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း၊ နောက်တစ်ကြိမ် ထပ်မံ ပြစ်မှု ကျူးလွန်ပါက ယခင် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံစေရန် ဆိုသော ခြွင်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက ယခင်နှစ်များက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးစဉ်။ (ပုံအဟောင်ဖြစ်ပါသည်။)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article