By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
– လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ် ၈ ခုထဲက ဝင်ငွေကောင်းတဲ့ ဂိတ် ၃ ခုအတွက် ဦးကျော်သက် ဆိုသူဆီကို ကချင်ပြည်နယ် စစ်ကောင်စီက နေ လက်သိပ်ထိုး ချပေးခဲ့တယ်လို့ သိရပါတယ်။
– ကချင်ပြည်နယ် ဖားကန့်မြို့မှာ မနေ့က ည ၇ နာရီလောက်မှာ ဖားကန့်မြို့နယ် လျှပ်စစ်ရုံး ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတဲ့အပြင် ၊ ည ၇ နာရီ ခွဲအချိန်လောက်မှာလည်း ဖားကန့် ဆိုင်းတောင် လျှပ်စစ်ရုံးရှေ့မှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
-မင်းတပ်ကနေ မတူဘီမြို့ဘက်ကိုထွက်ခွဲနေတဲ့ ၈၄ စီးပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို မတ်လ ၂၉ ရက်နေ့က CDF – မင်းတပ်ကနေ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
– မြိတ်ခရိုင် က သဘောလိပ်ရွာမှာ ခဲမိုင်းမြေစာပုံပြိုကျပြီးအလုပ်သမားငါးဦးသေဆုံးခဲတဲ့ ဖြစ်စဥ်တစ်ခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ မိုးအပြင်းအထန်ရွာသွန်းခဲ့တဲ့အတွက် ခဲသတ္တု မိုင်းလုပ်ကွက်ထဲကို မြေစာပုံပြိုကျခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရတင်းတွေကို တင်ဆက်ပေးပါမယ်။