27 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်းဇင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက် ဘက်ခြမ်းရှိ ဒိုးတန်းကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ကွမ်းအုံကျေးရွာမှတစ်ဆင့် သဖန်းဇင် ကျေးရွာဘက် သို့ စစ်ကြောင်းထိုး၀င်ရောက်လာသော အင်အား၅၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများအနက် ၄ ဦးကို ဆိုင်ကယ်ဖြင့် ချက်ချင်းသယ်ဆောင် သွားပြီး ကျန်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို လိုက်ထရပ် ကားဖြင့် သယ်ဆောင်သွား ကြောင်း ၊ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ စစ်တောင်းမြစ်ဘေးရှိ ပြည်သူပိုင် ကြံခင်း ၅ ဧက ခန့်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုခိုက်မှုကို ပုဝါနီစစ်ကြောင်းပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်နှင့် ကီးကူ စစ် ကြောင်းတို့ရေတာက ရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်းဇင်ကျေးရွာမှ တစ်ဆင့် ရွှေကဇောင်းကျေးရွာ အတွင်းထဲထိနယ်မြေရှင်းလင်းခဲ့ကြောင်း၊ ထိုအချိန် ခင်တန်းလေးကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၆၀ မမ ၃ လုံး၊ ၈၁ မမ ၁ လုံးပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ တောင်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဘေးကင်းစွာရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှမ်းပြည်မြောက်ပိုင်းတွင် ယမန်နှစ်နှောင်းပိုင်း မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article