33 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားရှိ စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားရှိ စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ဖြူရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ -Chindwin Attack Force မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ရွာထဲသို့ ကင်း ပတ်ရန် ထွက်ရန် လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပစ်ကွင်းပြင်ဆင်ပြီး အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တော် – Chindwin Attack Force တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) နှင့် Special Guerilla Force – Monywa SGF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတား၌ အထိုင်ချတပ် စွဲထား စစ် ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ ကြောင်း ပုဝါနီစစ်ကြောင်းမှ ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် နံနက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး စစ်တောင်းမြစ်ကူးတံတား၌ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ကိုတော်လှန်ရေးတပ်ဖွဲ့များမှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့မှ ကျောက်ချွန် ဘုရားမှ နေပြီး လက်လုပ် လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ကူပေးခဲ့ကာ ပုဝါနီပြောက်ကျားပွိုင့်က တောင်သာ ကျေးရွာ အရှေ့ဘက်ခြမ်းမှ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုဝါနီပြောက်ကျားတပ်ဖွဲ့ဝင်များ အထိ ခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article