30 C
Yangon

ပေါင်းတည်မြို့နယ်နှင့် ရေတာရှည်မြို့နယ်တွင် စစ်တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၂ လုံးနှင့် စပါးကျီ ၂ လုံးပြာကျ

Must read

ပေါင်းတည်မြို့နယ်နှင့် ရေတာရှည်မြို့နယ်တွင် စစ်တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၂ လုံးနှင့် စပါးကျီ ၂ လုံးပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၅

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု ၊ တောင်ခမောက်ကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၂၀ နှင့် စပါးကျီ ၂ လုံးပြာကျခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညနေ ၃ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၂၀ ကျော်မှ တောင်ခမောက်ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် အလုံး ၂၀ နှင့် စပါးကျီ ၂ လုံးပြားကျခဲ့ပြီး အိမ်ထောင်စု ၂၁ စု၊ ကျား ၂၀ ဦး ၊ မ ၂၉ ဦးကလေးသူငယ် ၁၀ ဦး စုစုပေါင်း ၅၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်မီးရှို့နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တားဆီးနိုင်ရန် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းသို့ ပြန်လည် ဆုတ်ခွာပြေးသွားသော်လည်း အချိန်မမီလိုက်ပဲ နေအိမ်များ ဆုံးရှုံးသွားရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ မရိုးခုံကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၂ လုံး ပြာကျခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က မရိုးခုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ နေစဉ် ပဲခူးရိုးမ အနောက်ခြမ်း အုတ်တွင်း-တောင်ငူ-ရေတာရှည်၊ ဆွာနှင့် ကိုးပင်၊ သာဂရ အမြန်လမ်း သစ်ပိုင်း နယ်မြေအတွင်း ၌ လှုပ်ရှားတိုက်ခိုက်နေသော တောင်ငူခရိုင် အမှတ် ၁ တပ်ရင်း (RV) စစ်ကြောင်းပွိုင့်မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသည့် မရိုးခုံကျေးရွာကို ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၄၂ လုံး စာရင်းကောက်ယူ ရခဲ့ပြီး မီးရှို့ဖျက်ဆီးမခံရသည့် နေအိမ်များကိုလည်း မွှေနှောက်ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသည့် ဆက်သွယ်ရေးသုံး ဘတ္ထီအိုး ၂ လုံး၊ ကျည်အချို့၊ ကျည်ဘောက် တစ်ခု၊ ကျည်ဖောက်ဝင်ထားသည့် ၃ ရစ်ပါ အင်္ကျီ ၁ ထည်၊ ၂ ရစ်ပါ အင်္ကျီ တစ်ထည် နှင့် စစ်သုံးပစ္စည်းထုတ်ယူသည့် (စလစ်) စာရွတ်စာတမ်းနှင့် ဆေးကုသထားသောသွေးစွန်းအဝတ်အ ထည် များတွေ့ရှိခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ရင်းက ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article